International News

တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ကုန်ထုတ်လုပ်မှုကွန်ရက်ချိတ်ဆက်ခြင်းဆိုင်ရာ အစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ အဓိကကုန်ထုတ်လုပ်ငန်းကြီးများ၏ ၇၀ရာခိုင်နှုန်းကို အခြေခံအားဖြင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းကာ ၂၀၂၅ ခုနှစ်တွင် ကွန်ရက်ချိတ်ဆက် နိုင်မည် ဖြစ်ကြောင်း စမတ်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တစ်ခုအရ သိရှိရပါသည်။

စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် အခြားဌာနများက ထုတ်ပြန်သည့် အဆိုပါ အစီအစဉ်တွင် သတ်မှတ်ထားသော အရွယ်အစားနှင့် အထက်ရှိ သော တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအားလုံးသည် ၂၀၃၅ ခုနှစ်တွင် ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပြီး ကွန်ရက်ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

အစီအစဉ်အရ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စက်မှုထိပ်တန်း စမတ်ထုတ်လုပ်ရေး သရုပ်ပြစက်ရုံပေါင်း  ၅၀၀ ကျော်ကို တည်ဆောက်သွားမည်ဖြစ်သည်။ တရုတ် နိုင်ငံ၏ စမတ်ကုန်ထုတ်လုပ်မှုသည် ရှေ့ပြေးစမ်းသပ်မှုအဆင့်မှ အသုံးချမှုအထိ တိုးတက်လာသော်လည်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းထက် နောက်ကျ ကျန်နေသေးကြောင်း၊ ဆန်းသစ်တီထွင်မှု၊ အပလီကေးရှင်း၊ ပံ့ပိုးမှုနှင့် ကူညီမှုများအပါအဝင် စမတ်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် အထူးလုပ်ဆောင်မှုများ အများအပြားကို အဆိုပါ အစီအစဉ်တွင် အဆိုပြုထားကြောင်း ဖေါ်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

အရင်းအမြစ်http://english.yunnan.cn/html/2021/consulgeneral_1229/27412.html

Category: International News